လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာတွင်(၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ဓနိကာ၊ပျဉ်ခင်း)(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁) အိမ်ထောင်စာတန်ဖိုး (၃၇၇၅၃/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး(၁၄၈၂၅၃/-)ကျပ်တို့ကိုလည်းကောင်း၊ ဘိုကလေးမြို့နယ်၊ ဘိုးရောင်ကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာတွင်(၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း)အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ တန်ဖိုး-(၃၇၇၅၃/-)၊ စုစုပေါင်း ထောက်ပံ့ငွေတန်ဖိုး(၁၄၆၁၅၃/-)ကျပ်တို့အားလည်းကောင်း၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာတွင်(၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး အိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ တန်ဖိုး(၆၀၅၀၀/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# ayy_aug 2019