လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

7_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စုနှင့် ဝက်ရုပ်ကျေးရွာအုပ်စုတို့၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြာင့် (တစ်စိတ်တစ်ပိုင်း/အမိုးလန်) နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၆,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့ကို (၆-၈-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)အချိန်တွင်  ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events