(၁-၅-၂၀၁၆) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၉) စု၊ ကျေးရွာခွဲ (၁၂၉) ရွာတို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် ပြိုလဲအိမ်ခြေ (၃၁၂) လုံးနှင့် အမိုးလန် အိမ်ခြေ (၁၅၈၇) လုံး၊ စုစုပေါင်း (၁၈၉၉) လုံး၊ အိမ်ထောင်စု (၁၈၉၉) မှ လူဦးရေ ကျား (၃၃၂၉)၊ မ (၃၃၅၀)၊ စုစုပေါင်း (၆၆၇၉) ဦး လေဘေးသင့်ခဲ့ပါသည်။
အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် (၂-၅-၂၀၁၆) ရက်နေ့တွင် ပြိုလဲအိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အမိုးလန်အိမ်ထောင်စု (၁၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
ထပ်မံ၍ (၄-၅-၂၀၁၆) ရက်နေ့တွင် ပြိုလဲအိမ်ထောင်စု (၂၉၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အမိုးလန်အိမ်ထောင်စု (၁၄၇၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဘုန်းကြီးကျောင်း (၇) ကျောင်းအတွက် (၈၀၀၀/-) ကျပ် တန်ဖိုးရှိသော သင်္ကန်း (၇) စုံစာ တန်ဖိုးငွေ ကျပ် (၅၆,၀၀၀/-) တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ (၈-၅-၂၀၁၆) ရက်နေ့တွင် ပြိုလဲအိမ်ခြေ (၃၁၂) လုံးအတွက် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅,၆၀၀,၀၀၀/-) နှင့် အမိုးလန်အိမ်ခြေ (၁၅၈၇) လုံးအတွက် (၂၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၁,၇၄၀,၀၀၀/-) တို့အား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။