မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့ ပုလောမြို့နယ်၊ ပလောက်မြို့အမှတ်(၂)ရပ်ကွက်၊ ဘုရင့်တောင်ရွာနှင့် အရှေ့ကုန်းရွာတို့မှ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ်၊ စုစုပေါင်း(၃၈၇၈၀၀/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀ )နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# tny_aug 2019

Sign Up

Upcoming Events