မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၈-၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကတော့ကမ်းကျေးရွာမှ လေဘေးကြောင့်သစ်ပင်ဖိပြိုလဲအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)တို့အား (၅-၈-၂၀၁၉)ရက်နေ့ (၁၂း၁၅) အချိန်တွင်လည်းကောင်း၊  (၃-၈-၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်၊ သုခလမ်းမှ လေဘေးကြောင့်ပြိုလဲခဲ့သည် အိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-) တို့ကို(၅-၈-၂၀၁၉) ရက်နေ့ (၁၄း၀၀)နာရီအချိန်တို့တွက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# tny_aug 2019

Sign Up

Upcoming Events