မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်မှုသတင်း

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၄-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၁) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးသည် (၁၀-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးပါ (၃၁) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၆၂၀၀၀၀/-) ကျပ်အား ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events