လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရေမနေပင်ကိုင်းကျေးရွာအုပ်စု၊ ရေမနေပင်ကိုင်းကျေးရွာ၌ (၂-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၁၉) ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug2019
Source: ဧရာဝတီတိုင်းဒသကြီးဦးစီးမှူးရုံး(ဘစမ)