လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

6_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပန်းကြို့ကုန်းရပ်၌ (၁-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်

(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၁၉) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ဧရာဝတီတိုင်းဒသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events