မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင္ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (သဲဖြူ၊ရှမ်းစု၊ရေတွင်းကုန်း၊ကျောက်တိုင်၊အင်္ဂလာ) ကျေးရွာအုပ်စုတို့၌ (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောက် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံး အိမ်ထောင်စု (၃)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံးနှင့် (၁၆)မျိုးပါ (၁)ပုံးနှင့် အမိုးလန်နေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် (၃၀၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၇၇၇၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၈၇၇၀၀/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# ayy_aug 2019

 

Sign Up

Upcoming Events