လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတ မြို့နယ်အတွင်း (၂-၈-၂၀၁၉)ရက်နေ့၌ လဟာကျော်အုပ်စု၊ ပိန်းအင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)l ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ( ၆၃၀၀/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ( ၃၆၃၀၀/-)ကို လည်းကောင်း၊ (၃-၈-၂၀၁၉)ရက်နေ့တွင် အုပ်စု(၄)စု(လြယ်ကီးကွင်း၊အင်းတလူ၊ဆင်မသေ(ခ)၊သရက်အုပ်)၊ ကျေးရွာခွဲ(၄)ရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသော အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၀၀၀၀/-) ဘေးသင့်လူဦးရေ(၂၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၂၅၀၀/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၄၂၅၀၀/-)ကိုလည်းကောင်းl (၄-၈-၂၀၁၉)ရက်နေ့တွင် အုပ်စု(၂)စု(ရဲကွင်း၊ ဂန့်ဂေါ်တော)၊ကျေးရွာခွဲ(၂)ရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ်ခြေ(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀/-) ဘေးသင့်လူဦးရေ(၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၈၃၁၀၀/-)တို့ကို ဟသာၤတမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# ayy_aug 2019