
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၌ (၂-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၃၂,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၄၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး အိမ်ထောင်စု (၃) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၀) စုစာတို့ကို (၃-၈-၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊
ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၅၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၁၅,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၅) စုစာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅၆) လုံး၊ အိမ်ထောင်စု (၅၆) စုမှ လူဦးရေ (၂၇၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၈၅,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၇,၂၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#mon_aug2019
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)