ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် (၂-၈-၂၀၁၉)ရက်နေ့မှ (၄-၈-၂၀၁၉)ရက်နေ့အတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဖြစ်ပွားခဲ့သော မြိုင်သာယာကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ မီးပြကျေးရွာ၊ ကန်ပြောင်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့မှ အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ အိမ်ခြေ(၈)လုံး၊ မိသားစု(၈)စုတို့မှ လူဦးရေ(၂၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၁၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၈၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၀၃၈၀၀/-)ကျပ်တို့ကို  ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (၅-၈-၂၀၁၉)ရက်နေ့၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# ygn_aug 2019

Sign Up

Upcoming Events