ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်း (၃၀.၄.၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇) ခုရှိ ကျေးရွာခွဲ (၂၉) ရွာ၌ လူနေအိမ် (၂၀) လုံးပြိုကျပျက်စီးခဲ့ပြီး အမိုးလန်အိမ် (၂၆၄) လုံး၊ စုစုပေါင်း (၂၈၄) လုံးမှ အိမ်ထောင်စု (၂၈၄) စု၊ လူဦးရေ ကျား (၄၂၀)၊ မ (၄၇၅ )၊ စုစုပေါင်း (၈၉၅) ဦး ဘေးဒုက္ခကြုံတွေ့ ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ပြိုကျအိမ် (၂၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အမိုးလန်အိမ် (၂၆၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် သင်္ကန်း (၄) စုံတို့ကို ထောက်ပံ့ခဲ့ပြီး ထပ်မံ၍ ပြိုကျအိမ် (၂၀) လုံးအတွက်တစ်အိမ်ထောင်လျှင် (၅၀၀၀၀/-) နှုန်းဖြင့် (၁၀၀၀၀၀၀/-) နှင့် အမိုးလန်အိမ် (၂၆၄) လုံး အတွက် (၅၂၈၀၀၀၀/-)၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၆၂၈၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၃) ရက်စာ ရန်ပုံငွေ (၈၀၅၅၀၀/-) တို့အား (၁-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။