လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား ပက်-မြန်မာအဖွဲ့အစည်း နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့မှ လာရောက် တွေ့ဆုံမှုသတင်း

Capture3လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် မေလ ၉ ရက်နေ့၊ နေ့လည် (၁၃းဝ၀) နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား ပက်-မြန်မာ အဖွဲ့ အစည်း မှ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဖြစ်သူ Mr.Richard Harrison ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ပက်-မြန်မာ အဖွဲ့အစည်း တို့ ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်၊၊ သဘာဝဘေး အန္တရာယ်တုန့်ပြန် ရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေးသည့် ကိစ္စများ၊ ရေကောင်းရေသန့် ရရှိရေးကိစ္စနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ ရပ်ရွာ အခြေပြု ဆောင်ရွက်နေသည့် (၃၅) မြို့နယ်တွင် တိုးတက်ရရှိမှု ကိစ္စရပ်များ၊ ထပ်မံတိုးချဲ့သည့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် (၂) မြို့နယ်တွင် တိုးချဲ့ ဆောင်ရွက်သည့် ကိစ္စရပ်များ၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ပက်-မြန်မာ အဖွဲ့အစည်းမှ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ်ခြင်းကိစ္စရပ်များ နှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်၊၊
အလားတူ နေ့လည် (၁၄းဝ၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ရွှေမင်းသားဖောင်ဒေးရှင်းမှ ဥက္ကဌ ဖြစ်သူ ဦးမြတ်သူဝင်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်၊၊ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မသန်စွမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွှေမင်းသားဖောင်ဒေးရှင်း ရုံးခွဲများဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းများအတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းများ အလုပ်ခွင် တည်မြဲရေးအတွက် ဆောင်ရွက်နေသည့် Job push programme ကိစ္စရပ်များ၊ မသန်စွမ်းများအား အောက်ခြေ တွင် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်သည့် အနေဖြင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ မသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေ၍ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events