ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ရှဒေါင်ကျေးရွာတွင် (၁၂-၄-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သောမီးဘေး၌ ဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု ၊လူဦးရေ(၈)ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စုစာ ဆန်ရိက္ခာ(၃)ရက်စာ (၇၂၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-) ကျပ်စုစုပေါင်း(၁၀၇၂၀၀/-)ကျပ်အား (၉-၅-၂၀၁၆)ရက်နေ့တွင် ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။