ကချင်ပြည်နယ် ၊မိုးကောင်းမြို့နယ်အတွင်း အင်းပေါင်းကျေးရွာ၊ ကညင်မြိုင်ကျေးရွာ ၊ကဝါးယံကျေးရွာ ၊ဆားမှော်ကျေးရွာတို့တွင် (၂၉-၄-၂၀၁၆)ရက်နေ့နှင့် (၁-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

2 3

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း အင်းပေါင်းကျေးရွာ၊ ကညင်မြိုင်ကျေးရွာ၊ ကဝါးယံကျေးရွာ ၊ဆားမှော်ကျေးရွာတို့တွင် (၂၉-၄-၂၀၁၆)ရက်နေ့နှင့် (၁-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေး၌ ဘေးသင့်ပြိုကျပျက်စီးအိမ်ခြေ (၇)လုံး၊ အမိုးလန်အိမ်ခြေ(၂၅)လုံး ၊အိမ်ထောင်စု(၃၁)စု ၊လူဦးရေ(၁၃၇)ဦးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး(၇)အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး(၂၄)အိမ်ထောင်စုစာ ၊ဆန်ရိက္ခာ(၃)ရက်စာ (၁၂၃၃၀၀/-)ကျပ် ၊အိမ်ဆောက်ပစ္စည်းဖိုး (၈၅၀၀၀၀/-)ကျပ် ၊စုစုပေါင်းတန်ဖိုးငွေ(၉၇၃၃၀၀/-)ကျပ်အား (၉-၅-၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events