ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာအုပ်စု၊ သံပြာကျေးရွာအတွင်းရှိ အိမ်ခြေ (၃၂၄)၊ အိမ်ထောင်စု (၃၅၄)၊ လူဦးရေ (၁၇၂၅) ဦးတို့အတွက် သောက်သုံးရေဂါလန် (၁၈၅၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။