သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၂၉-၇-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး စာရေးနှင့် ကျေးရွာသူ/သား စုစုပေါင်း (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#bgo_jul2019

Sign Up

Upcoming Events