
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၂း၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှ ရေမိုင် (၇) မိုင်ခန့်အကွာတွင် ရန်ကုန်မြို့မှ သံတွဲမြို့သို့ ဘိလပ်မြေအိမ် တင်ဆောင်မောင်းနှင်လာသော သင်္ဘောသား (၁၉) ဦး လိုက်ပါလာသော ကုန်တင်သင်္ဘောသည် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ (၂၉-၇-၂၀၁၉) ရက်နေ့တွင် ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_jul2019