သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် CDA (လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း) နှင့်ပူးပေါင်း၍ (၂၉-၇-၂၀၁၉) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာနှင့် အတ္ထရံကျေးရွာတို့၌ ကျေးရွာသူ/သား စုစုပေါင်း အင်အား (၂၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_jul2019

Sign Up

Upcoming Events