သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

30 _ Pic _ 01 30 _ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာ ကျေးရွာနှင့် ချင်းယားကုန်းကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၅) စုအတွက် သောက်သုံးရေဂါလံ (၂၈၀၀) ကိုလည်းကောင်း၊ သပြေပင်ကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၃၀) စုအတွက် သောက်သုံးရေဂါလံ (၂၈၀၀) ကိုလည်းကောင်း၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၀၈) စုအတွက် သောက်သုံးရေဂါလံ (၄၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ(၉၆၀၀) ကို Eleven Media Group ရေအလှူယာဉ်များဖြင့် ဆရာတော် ဦးသောဘဏ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_drg
#mgy_jul2019

Sign Up

Upcoming Events