လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် တောင်လုံးစုအုပ်စု၊ အောက်ရွာလေးကျေးရွာတို့၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ် ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၁,၄၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_jul2019