လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကာ်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု၊ ပန်းတင်ကလေးကျေးရွာ၊ ပန်းတင်ကလေးကျောင်းတိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောခြင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များ၊ DAN Mobile Application အကြောင်းများကို ဟောပြောဆွေး နွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်မများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_jul2019