ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ ရွာမသစ် ကျေးရွာ၌် (၂၃-၇-၂၀၁၉) ရက်နေ့နှင့် (၂၄-၇-၂၀၁၉)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ (၃၃) လုံး၊ အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၁၅၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၃၁၅,၀၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mgy_jul2019

Sign Up

Upcoming Events