ရေဘေးကြိုတင်ပြင်ဆင်ရေးနှင့် DAN Application အသိပညာပေးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၉) ရက်နေ့တွင် မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင် လူနာတင်ယာဉ်နာရေးနှင့် သဘာဝဘေးကူညီမှု ပရဟိတ အဖွဲ့များကွန်ယက်မှ ကျင်းပပြုလုပ်သော အစည်းအဝေးတွင် တက်ရောက်လာသော မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ (၂၆) ဦး၊ ဟင်္သာတခရိုင်ကွန်ယက် ပရဟိတအဖွဲ့ဝင် (၁၁၀) ဦးတို့အား ရေးဘေးကြိုတင်ပြင်ဆင်ရေးနှင့် DAN Application အသိပညာပေးမှုများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_fld
#ayy_jul2019

Sign Up

Upcoming Events