လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ရှုခင်းသာလမ်း၊ နယ်မြေ (၁)၊ အမှတ် (၁၂၂/ခ) ၌ (၂၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#shn_jul2019