လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စု၊ ခတ္တူကျေးရွာ၌ (၁၉-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့ တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_jul2019