ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် (၂၀-၇-၂၀၁၉)ရက်နေ့ (၁၂း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေသင့် အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀ဝ/-)ကျပ်၊လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၆၅၁၀၀/-)ကျပ်၊ စုစုပေါင်း(၇၆၅၁၀၀/-)တို့အား (၂၂-၇-၂၀၁၉)ရက်နေ့ (၁၃း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha¬_rbe

# mgy_jul 2019

Sign Up

Upcoming Events