လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် လဲချားမြို့နယ်၊ ထွေအုပ်ရုံးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#shn_jul2019