လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဝကျေးရွာ၌ (၇-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၃) လုံး၊ အမိုးလန်အိမ်ခြေ (၃) လုံး စုစုပေါင်းအိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၀) ဦးတို့လေ ဘေးသင့်ခဲ့ပါသဖြင့် ပြိုကျပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အမိုးလန်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀/-) ကျပ်တို့အား (၉-၇-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events