လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၃-၇-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု (၃၁) စု၊ လူဦးရေ (၁၁၉) ဦးအတွက် ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာ (၁) လစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_jul2019