လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၁၈၅) ဦးအား သဘာဝဘေး အန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jul2019