DAN Mobile Application နှင့် ပတ်သက်၍ အသုံးပြုပုံ/နည်းများရှင်းလင်းပြောကြားမှုသတင်း

4 _ Pic _ 01 4 _ Pic _ 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးညိုမြို့ နယ်အတွင်း လူစည်ကားရာနေရာများ၊ ဈေးဆိုင်၊ ဖုန်းအရောင်းဆိုင်၊ ဖုန်းပြင်ဆိုင်၊ လ္ဘက်ရည်ဆိုင်များတွင် DAN Mobile Application နှင့် ပတ်သက်၍ အသုံးပြုပုံ/နည်းများ၊ Application အတွင်းပါဝင်သော အကြောင်းအရာများအကြောင်း လိုက်လံရှင်းလင်းပြောကြားခြင်း၊ ပြည်သူများ၏ ဖုန်းများအတွင်း ၎င်း Software အား ထည့်သွင်းပေးခြင်းနှင့် အသိပညာပေး စတစ်ကာများ လိုက်လံကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#bgo_jul2019

Sign Up

Upcoming Events