မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

4 _ Pic _ 01 4 _ Pic _ 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့၌ (၃-၇-၂၀၁၉) ရက်နေ့ (၁၀း၃၀) အချိန်တွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၉) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၈,၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-) ကျပ်တို့အား (၃-၇-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အောင်ပန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_jul2019

Sign Up

Upcoming Events