လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ ထိန်ပင် မြောက်အထက်ကျေးရွာနှင့် ပိုးစုကြီးကျေးရွာတို့၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀/-) ကျပ်တို့အား (၃-၇-၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events