လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာ၊ မြေနုကျေးရွာအုပ်စု၊ ကျုံတုံးကျေး ရွာ တို့၌ (၁-၇-၂၀၁၉) ရက်နေ့ (၁ရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုကျ ပျက်စီး နေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (သွပ်မိုး/ဓနိမိုး) (၂၃) လုံး အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၆၀,၄၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် အမိုးလန်ပျက်စီးနေအိမ် (၂၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၅၀,၀၀၀/-) ကျပ်တို့ အား ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ် ရေးမှူး ရပ်မိရပ်ဖများရှေ့မှောက်၌ (၂-၇-၂၀၁၉) ရက်နေ့ (၁၄း၅၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events