လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ကော့ကရိတ်ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့ အမှတ် (၂) အ.ထ.က ကျောင်းတွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုကို ကျောင်းသားကျောင်းသူ (၂၀၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_simex
#krn_jul2019