နေပြည်တော်၊ ဇူလိုင် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Haiနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အနေဖြင့် နက်ရှိုင်း၍ လေးနက်သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများရှိကြသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အတွက် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဦးစီးဌာန (၃) ခုဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို/ကာလရှည်သင်တန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချ ထားရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Jul2019