လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ဇီးပွဲကျေးရွာအုပ်စု၊ ကတိုင် စိန်ကျေးရွာ၊ အိုင်ကဒုံကျေးရွာအုပ်စု၊ အိုင်ကဒုံကျေးရွာနှင့် ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွဲသတ်ကလေး ကျေးရွာတို့၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် ဘုန်းတော် ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀|-) ကျပ်နှင့် အမိုးလန် နေအိမ် (၃) လုံးရှိဘေးသင့်လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆,၈၀၀/-) ကျပ်တို့အား (၂-၇-၂၀၁၉) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jul2019

Sign Up

Upcoming Events