လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ထိန်တောကျေးရွာ၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန် နေအိမ် (၁) လုံးမှ ဘေးသင့်ပြည်သူ (၃) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၆,၃၀၀) ကျပ်အား (၂-၇-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စာရေးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jul2019

Sign Up

Upcoming Events