လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၂-၇-၂၀၁၉) ရက်နေ့ (၁၀း၃၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၉,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/- ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၆၉,၃၀၀/-) ကျပ်တို့အား (၂-၇-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_jul2019