လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့က ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်ကမ်းပြိုပြောင်းရွှေ့ အိမ်ခြေ/အိမ်ထောင်စု(၉)စုမှ လူဦးရေ(၄၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၉၀၀,၀၀၀)နှင့် ဆန်ရိက္ခာတန်ဖိုးထောက်ပံ့ငွေ (၁၀၂,၉၀၀)ကျပ်၊ စုစုပေါင်း(၁,၀၀၂,၉၀၀)ကျပ် တို့အား(၂၅-၆-၂၀၁၉)ရက်နေ့တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။