လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၂၀၁၉) ရက်နေ့ (၁၅း၀၀) နာရီအချိန်၌ ကလေးမြို့နယ်၊ ကြို့သုံးပင်ရပ်ကွက်၊ နယ်မြေ (၅) တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ မိသားစု (၁) စုမှ လူဦးရေ (၃) ဦးအတွက် family kits (၁)ပုံး၊ ဆန်ရိက္ခာဖိုးငွေ(၆,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့ကို (၁၉.၆.၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_jun2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)