လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကမ္မကျေးရွာအုပ်စု၊ သနပ္ပင် ကျေးရွာတွင် (၂-၆-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ စုစုပေါင်း (၁၄,၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်တို့အား (၃-၆-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တာဝန်ကျစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#mdy_jun2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)