လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၁၉) ရက်နေ့နှင့် (၂၆-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၆) စု၊ ကျေးရွာ (၁၅) ရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးမှပြိုလဲနေအိမ် (၁၄) လုံးနှင့် အမိုးလန် နေအိမ် (၇၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၈၀၀၀၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁၄) စုရှိ လူဦးရေ (၅၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၁၉၇၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၉၉၉၇၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (ပလပ်စတစ်ပုံးအပါ) (၁၄) အိမ်ထောင်စာအား (၄-၆-၂၀၁၉) ရက်နေ့ (၁ဝးဝဝ) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events