
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျေးရွာ (၄) ကျေးရွာ၌ (၂၉.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀) လုံး နေအိမ်ခေါင်မိုးများ အမိုးလန်ပျက်စီးမှုကြောင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၂၀၀၀၀) အား (၃၁.၅.၂၀၁၉) ရက်နေ့တွင် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မြေဇွန်းကျေးရွာအုပ်စု၊ ပန်းတိမ်ဆော်ကျေးရွာ၌ (၂၉.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၄) စု၊ အိမ်ခြေ (၄) လုံး အမိုးလန်ပျက်စီးမှုကြောင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀) အား (၃၁.၅.၂၀၁၉) ရက်နေ့တွင် ဆားလင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)