လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ပိန်းဂရက်ကျေးရွာ၊ ရေဂလုပ်ကျေးရွာအုပ်စု၊ ရွှေကညင်ပင်ကျေးရွာ၊ ဝက်ခြံဂရက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာနှင့် ဇီးငူကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတို့တွင် (၂၈-၅-၂၀၁၉) ရက်နေ့နှင့် (၂၉-၅-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)အိမ်ထောင်စာ (၉၇၀၅၉)၊ အမိုးလန်ပျက်စီးနေအိမ် (၈) လုံး၊ စုစုပေါင်းနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀ဝ)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၆၁၀၀)၊ စုစုပေါင်း ရန်ပုံငွေ (၇၈၆၁၀ဝ) အား (၃၀-၅-၂၀၁၉) ရက်နေ့ (၁၅း၃၀) နာရီအချိန်၌ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)