လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက်နေ့တွင်လေပြင်းတိုတ်ခတ်မှုကြောင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကမန်းအုန်းပင်စု၊ ကျေးရွာအုပ်စု၊ ကျုံဒရယ်ကျေးရွာတွင် သွပ်မိုး၊ ဓနိကာနေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦး၊ လေဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀)နှင့်ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၂၁၀၀) စုစုပေါင်းထောက်ပံ့ငွေ (၅၂၁၀၀) အား (၃၁.၅.၂၀၁၉) ရက်နေ့၊ (၀၄း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)