လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အုပ်စု(၃)စု(ပကွဲ၊သဲကုန်း၊ညောင်ပင်သာ)၊ ကျေးရွာ(၄)ရွာတွင် (၂၉.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် ပြိုလဲပျက်စီးသောအိမ်ခြေ(ဝါးအိမ်-၁လုံး)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၆၀,၉၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၃၂၀,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ( တန်ဖိုး-၃၂,၃၅၃)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး ( ၃၅၃,၂၅၃)ကျပ်တို့ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)