လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့နှင့် (၂၄.၅.၂၀၁၉) ရက်နေ့များ၌ ညောင်ဦးမြို့နယ်အတွင်းရှိ ကန်ကျဲကျေးရွာ၊ စပါးသင်ကျေးရွာ၊ ပနီတွင်းကျေးရွာနှင့် ညောင်လှကျေးရွာများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်အတွက် အမိုးလန်မှုဖြစ်ပွားခဲ့သည့် နေအိမ် (၂၃) လုံးနှင့် ပြိုကျနေအိမ် (၁)လုံးတို့မှ ဘေးသင့်ပြည်သူ (၉၇) ဦးအတွက် ဆန်ရိက္ခာဖိုး အပါအဝင် အိမ်ဆောက်ပစ္စည်းဖိုးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်း (၁၈၀၃၇၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျစာရေးများရှေ့မှောက်တွင် (၂၉.၅.၂၀၁၉) ရက်နေ့၌ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2019
ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)